သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-
ကောယတ်၏စတုတ္ထသားသြဇေလတွင် မိက္ခာနှင့်ယေရှိဟူ၍သားနှစ်ယောက်ရှိ၏။
သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။
သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။