Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 7:29

Common Language Bible

မ​နာ​ရှေ​၏​သား​မြေး​တို့​သည် ဗက်​ရှန်၊ တာ နက်၊ မေ​ဂိဒ္ဒေါ၊ ဒေါ​ရ​မြို့​ကြီး​များ​နှင့်​ယင်း တို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​ကို​အ​စိုး​ရ ကြ​၏။ ဤ​မြို့​တို့​သည်​ယာ​ကုပ်​၏​သား​ဖြစ်​သူ ယော​သပ်​၏​သား​မြေး​တို့​နေ​ထိုင်​ရာ​ဖြစ် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။-

ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-

အာ​ခ​ဇိ​မင်း​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို မြင်​သ​ဖြင့် မိ​မိ​၏​စစ်​ရ​ထား​ဖြင့်​ဗေ​သာ​ဂ​နံ မြို့​ဘက်​သို့​ထွက်​ပြေး​လေ​၏။ ယေ​ဟု​သည် သူ​၏​နောက်​မှ​လိုက်​၍``သူ့​ကို​လည်း​သတ်​ကြ လော့'' ဟု​မိ​မိ​၏​တပ်​သား​များ​အား​အ​မိန့် ပေး​၏။ အာ​ခ​ဇိ​မင်း​သည်​ဣ​ဗ​လံ​မြို့​အ​နီး ရှိ​ဂု​ရ​မြို့​သို့​သွား​ရာ​လမ်း​တွင်​ဒဏ်​ရာ​ရ လေ​သည်။ သို့​ရာ​တွင်​သူ​သည် မေ​ဂိဒ္ဒေါ​မြို့​သို့ ရောက်​သည့်​တိုင်​အောင်​ဆက်​လက်​သွား​ပြီး မှ​သေ​လေ​၏။-

သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။

ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငို​ကြွေး မြည်​တမ်း​မှု​သည်​မေ​ဂိဒ္ဒေါ​လွင်​ပြင်​တွင် ဗာ​လ နတ်​ဘုရား​အ​တွက်​ငို​ကြွေး​မြည်​တမ်း​မှု​ကဲ့ သို့​ကြီး​ကျယ်​ပေ​လိမ့်​မည်။-

ထို​နောက်​ဝိ​ညာဉ်​တို့​သည်​ရှင်​ဘု​ရင်​တို့​အား ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု နာ​မည်​တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​စု​ရုံး စေ​ကြ​၏။

ရှင်​ဘု​ရင်​တို့​သည်​လာ​၍​မေ​ဂိဒ္ဒေါ​ချောင်း အ​နီး တာ​နက်​မြို့​၌​တိုက်​ခိုက်​ကြ​၏။ ခါ​နာန်​ဘု​ရင်​တို့​သည်​တိုက်​ခိုက်​ကြ​သော်​လည်း ငွေ​ကို​လု​ယူ​ခွင့်​မ​ရ​ကြ။

ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ