ဂဒ်နယ်မှဂိလဒ်ပြည်ရာမုတ်မြို့၊ မဟာနိမ်မြို့၊
ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။-
မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။-
ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-
ဤအတောအတွင်း၌ပရောဖက်ဧလိရှဲ သည် လူငယ်ပရောဖက်တစ်ပါးကိုခေါ်၍``သင် သည်ရာမုတ်မြို့သို့သွားရန်အသင့်ပြင်လော့။ ဤသံလွင်ဆီဘူးကိုလည်းယူသွားလော့။ ထို မြို့သို့ရောက်သောအခါ၊-
ရာမုတ်မြို့၊ အာနင်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
ကေဒမုတ်မြို့၊ မေဖတ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။