၁ ရာချုပ် 6:31Common Language Bibleပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-