၁ ရာချုပ် 5:8Common Language Bibleဗေလတို့ဖြစ်၏။ ဗေလသည်အာဇတ်၏သား ရှေမ၏မြေးဖြစ်၍ ယောလ၏သားချင်းစု ဝင်ဖြစ်ပေသည်။ ထိုသားချင်းစုသည်အာရော် မြို့တွင်လည်းကောင်း၊ ထိုမြို့မြောက်ဘက်နေ ဗောမြို့၊ ဗာလမောင်မြို့တို့တိုင်အောင်ရောက် ရှိသည့်နယ်မြေဒေသတွင်လည်းကောင်း နေထိုင်ကြလေသည်။- အခန်းကိုကြည့်ပါ။ |
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-