၁ ရာချုပ် 5:22Common Language Bibleဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။