အခြားအနွယ်ဝင်တို့သည်အောက်ပါသား ချင်းစုများဖြစ်ကြသောမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာနှင့်ယေဗာ တို့တွင်ပါဝင်ကြ၏။-
ယောလသည်အရေးအကြီးဆုံးသားချင်း စုကိုတည်ထောင်၍ရှာဖံကား ဒုတိယအရေး ကြီးဆုံးသားချင်းစုကိုတည်ထောင်သတည်း။ ဗာရှန်ပြည်တွင်အခြားသားချင်းစုတို့ ကိုတည်ထောင်သူများမှာယာနဲနှင့်ရှာဖတ် တို့ဖြစ်၏။-
သူတို့သည်ဟုရိ၏သားအဘိဟဲလမှ ဆင်းသက်လာသူများဖြစ်ပေသည်။ အဘိ ဟဲလ၏ဘိုးဘေးများမှာဟုရိ၊ ယာရော်၊ ဂိလဒ်၊ မိက္ခေလ၊ ယေရှိရှဲ၊ ယာဒေါ၊ ဗုဇာဟိ တို့ဖြစ်သတည်း။-