ဂဒ်အနွယ်ဝင်တို့သည်ရုဗင်အနွယ်ဝင်တို့ နေထိုင်ရာအရပ်၏ မြောက်ဘက်ရှိဗာရှန် ပြည်တွင်နေထိုင်ကြ၏။ သူတို့၏ဒေသ သည်သလကာမြို့တိုင်အောင်ကျယ်ပြန့်၏။-
ယောလသည်အရေးအကြီးဆုံးသားချင်း စုကိုတည်ထောင်၍ရှာဖံကား ဒုတိယအရေး ကြီးဆုံးသားချင်းစုကိုတည်ထောင်သတည်း။ ဗာရှန်ပြည်တွင်အခြားသားချင်းစုတို့ ကိုတည်ထောင်သူများမှာယာနဲနှင့်ရှာဖတ် တို့ဖြစ်၏။-
ဂဒ်အနွယ်မှသားချင်းစုများမှာ ဇေဖုန်၏ သားချင်းစု၊ ဟ္ဂိ၏သားချင်းစု၊ ရှုနိ၏သား ချင်းစု၊-
သူ၏နိုင်ငံတွင်ဟေရမုန်တောင်၊ သာလက ပြည်၊ ဂေရှုရိပြည်နှင့်မာခါပြည်နယ်စပ် အထိကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည် လုံးသည်လည်းကောင်း၊ ဟေရှဘုန်မင်းရှိဟုန် ပိုင်သောပြည်နယ်နိမိတ်အထိကျယ်ပြန့် သည့်ဂိလဒ်ပြည်တစ်ဝက်သည်လည်းကောင်း ပါဝင်သည်။-
ဂိလဒ်နယ်၊ ဂေရှုရိနယ်၊ မာခါနယ်၊ ဟေရမုန် တောင်တစ်ခုလုံးနှင့်သာလကပြည်အထိ ကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည်လုံးတို့ သည်လည်းကောင်း၊-