Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 5:1

Common Language Bible

ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​ယာ​ကုပ်​က``သား​ဦး​အ​ရာ​ကို ပေး​လျှင်​ဟင်း​ကို​ပေး​မည်'' ဟု​ဆို​လေ​သည်။

မ​ကြာ​မီ​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​သော်​သူ​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင်​တော်​မူ​ပြီ။ ယ​ခု ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​အား​ချစ်​လိမ့်​မည်'' ဟု​ဆို​၍​ထို​သား​ကို​ရု​ဗင်​ဟု​နာ​မည်​မှည့် လေ​၏။-

ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-

ယာ​ကုပ်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် ကြ​သော မိ​သား​စု​တို့​၏​နာ​မည်​စာ​ရင်း​ကို ဖော်​ပြ​ပေ​အံ့။ သား​ဦး​ရု​ဗင်​နှင့်၊-

ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-

ယာ​ကုပ်​တွင်​ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊-

မေ​ရာ​ရိ​၏​အိမ်​ထောင်​စု​၌ ဟော​သ​ဆို​သူ​တစ် ဦး​ရှိ​၏။ သူ့​မှာ​ရှိ​မ​ရိ၊ ဟိ​လ​ခိ၊ တေ​ဗ​လိ၊ ဇာ​ခ​ရိ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (ထို​သူ တို့​အ​နက်​ရှိ​မ​ရိ​သည်​သား​ဦး​မ​ဟုတ်​သော် လည်း​သူ​၏​ဖ​ခင်​က​ခန့်​ထား​သ​ဖြင့်​ခေါင်း ဆောင်​ဖြစ်​လေ​၏။) ဟော​သ​၏​အိမ်​ထောင်​စု​မှ ဗိ​မာန်​တော်​တပ်​သား​စု​စု​ပေါင်း​တစ်​ဆယ့် သုံး​ယောက်​ရ​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-

ဖ​ခင်​၏​မ​ယား​ငယ်​များ​နှင့်​ကာ​မ​စပ်​ယှက် ခြင်း​မ​ပြု​ရ။-

ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သူ​သည် မိ​မိ​ဖ​ခင်​၏​အ​သ​ရေ​ကို​ဖျက်​သ​ဖြင့် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-

သင်​တို့​နှင့်​အ​တူ​ကူ​ညီ​၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ အ​နွယ် သား​ချင်း​စု​အ​ကြီး​အ​ကဲ ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ

လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-

ရု​ဗင်​အ​နွယ်(ရု​ဗင်​သည်​ယာ​ကုပ်​၏​သား​ဦး ဖြစ်​၏) သား​ချင်း​စု​များ​မှာ​ဟာ​နုတ်​၏​သား ချင်း​စု၊ ဖာ​လု​၏​သား​ချင်း​စု၊-

မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-

သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''

`` `ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​၍ ဖ​ခင်​အား​အ​ရှက်​ခွဲ​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ ရ​ကြ​မည်။

ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။-

တစ်​နေ့​သ​၌​ယု​ဒ​အ​နွယ်​ဝင်​အ​ချို့​တို့​သည် ဂိ​လ​ဂါ​လ​မြို့​တွင်​ရှိ​သော ယော​ရှု​ထံ​သို့​ရောက် ရှိ​လာ​ကြ​လေ​သည်။ သူ​တို့​အ​နက်​မှ​ကေ​နက် အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက်​က​ယော​ရှု အား``ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​ကို​ရည်​ဆောင်​၍​မိန့် တော်​မူ​သော​စ​ကား​ကို​ကိုယ်​တော်​သတိ​ရ ပါ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ