၁ ရာချုပ် 4:9Common Language Bibleထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-