Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 4:41

Common Language Bible

ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။

ဤ​စစ်​ပွဲ​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် အ​ရ​ဖြစ်​သ​ဖြင့် ရန်​သူ​အ​များ​အ​ပြား သေ​ကြ​ကုန်​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြည်​နှင်​ဒဏ်​ခံ​ရ ချိန်​မ​တိုင်​မီ ထို​ပြည်​တွင်​ဆက်​လက်​နေ ထိုင်​ကြ​၏။

သူ​တို့​သည်​သိုး​ထိန်း​စ​ခန်း​အ​ချို့​ကို​လည်း တိုက်​ခိုက်​၍ သိုး​နှင့်​ကု​လား​အုတ်​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ကြ​ပြီး​နောက်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ် နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။-

သူ့​အား​ဘု​ရား​သ​ခင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား များ၊ ဂု​ရ​ဗာ​လ​မြို့​တွင်​နေ​ထိုင်​သော​အာ​ရပ် အ​မျိုး​သား​များ၊ မ​ဟု​နိမ်​အ​မျိုး​သား​များ ကို​နှိမ်​နင်း​ရန်​ကူ​မ​တော်​မူ​သည်။-

သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-

ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-

ဇိ​ဒုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား နှင့်​မော​နိ​အ​မျိုး​သား​တို့​သည် သင်​တို့​အား ညှင်း​ဆဲ​နှိပ်​စက်​ကြ​သော​အ​ခါ ငါ့​ထံ​သို့​သင် တို့​အော်​ဟစ်​လျှောက်​ထား​ခဲ့​ကြ​၏။ ငါ​သည် လည်း​ထို​သူ​တို့​လက်​မှ​သင်​တို့​ကို​ကယ်​ဆယ် ခဲ့​သည်​မ​ဟုတ်​ပါ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ