ကေနတ်တွင်သြသံယေလနှင့်စရာယဟူ သောသားနှစ်ယောက်ရှိ၏။ သြသံယေလတွင် လည်းဟာသတ်နှင့်မောနောသဲဟူသောသားနှစ် ယောက်ရှိ၏။-
ဧရှတုန်တွင်ဗက်ရာဖ၊ ပါသာ၊ တေဟိန္နဟူ၍ သားသုံးယောက်ရှိ၏။ တေဟိန္နသည်နာဟက် မြို့ကိုတည်ထောင်သူဖြစ်၏။ ထိုသူ၏သားမြေး များသည်ရေခါအရပ်တွင်နေထိုင်ကြလေ သည်။
မောနောသဲ၏သားမှာသြဖရာတည်း။ စရာယ၏သားသည်လက်မှုပညာသည်ချိုင့်ဝှမ်း ကိုတည်ထောင်သူယွာဘဖြစ်၏။ ထိုချိုင့်ဝှမ်း တွင်နေထိုင်သူအပေါင်းတို့ကားလက်မှုပညာ ကျွမ်းကျင်သူအလုပ်သမားများဖြစ်သတည်း။
ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-
ယင်းသို့ဆိုသည်အတိုင်းသြသံယေလသည် ထို မြို့ကိုအောင်မြင်စွာတိုက်ခိုက်နိုင်သည်ဖြစ်၍ ကာလက်၏သမီးကိုရလေသည်။ သူသည် ကာလက်၏ညီကေနတ်၏သားဖြစ်သတည်း။-