ယုဒ၏သားများမှာဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတို့ဖြစ်၏။-
သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။-
ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။-
ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
ဖာရက်တွင်ဟေဇရုံနှင့်ဟာမုလဟူသော သားနှစ်ယောက်ရှိ၏။-
အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။ ဇနီးဖြစ်သူဧဖရတ်နှင့်ကာလက်ရသော သားဦးမှာဟုရဖြစ်၏။ ဟုရ၏သားရှော ဗာလသည်ကိရယတ်ယာရိမ်မြို့ကြီးကို တည်ထောင်လေသည်။-
ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။
ဟေဇရုံတွင် ယေရမေလ၊ အာရံ၊ ကာလက် ဟူ၍သားသုံးယောက်ရှိ၏။
ဧလိသြနဲတွင်ဟောဒါယ၊ ဧလျာရှိပ်၊ ပေ လာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ ဟူ၍သားတော်ခုနစ်ပါးရှိသတည်း။
ရှောဗာလ၏သားသည်ရာယ၊ ရာယ၏သား မှာယာဟတ်၊ ယာဟတ်၏သားများကား အဟုမဲနှင့်လာဟဒ်ဖြစ်သတည်း။ ထိုသူ နှစ်ဦးတို့သည်ဇောရေသိတွင်နေထိုင်ကြ သောသူတို့၏ဘိုးဘေးများဖြစ်ကြ၏။
ယုဒအနွယ်မှသားချင်းစုများမှာ (ယုဒ ၏သားနှစ်ယောက်ဖြစ်သောဧရနှင့်သြနန် တို့သည်ခါနာန်ပြည်တွင်သေဆုံးခဲ့ကြ၏။-)
ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။-
ဖာရက်မှဒါဝိဒ်တိုင်အောင် သားစဉ်မြေးဆက် များမှာဖာရက်၊ ဟေဇရုံ၊ အာရံ၊ အမိနဒပ်၊ နာရှုန်၊ စာလမုန်၊ ဗောဇ၊ သြဗက်၊ ယေရှဲ၊ ဒါဝိဒ်ဟူ၍ဖြစ်သတည်း။ ရုသဝတ္ထုပြီး၏။