Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 29:6

Common Language Bible

ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​အ​သီး​သီး​တို့​သည်​မိ​မိ တို့​ယဇ်​ပူ​ဇော်​ပေး​၍​ရ​ရှိ​သည့်​ငွေ​များ​ဖြင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​တွင်​လို​အပ် သ​လို​အ​သုံး​ပြု​ရန်​တာ​ဝန်​ယူ​ရ​သည်။

ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ တို့​၏​စာ​ရင်း​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဘု​ရင့်​ကုန်​လှောင်​ရုံ​များ​ကို အ​ဒေ​လ​၏​သား အာ​ဇိ​မာ​ဝက်​က​အုပ်​ချုပ်​ရ​၏။ ဒေ​သ​ဆိုင်​ရာ​ကုန်​လှောင်​ရုံ​များ​ကို သြ​ဇိ​၏​သား ယော​န​သန်​က​အုပ်​ချုပ်​ရ​၏။ တောင်​သူ​လယ်​သ​မား​စု​ကို ခေ​လုပ်​၏​သား​ဧ​ဇ​ရိ အုပ်​ချုပ်​ရ​၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​ရာ​မ​မြို့​သား​ရှိ​မိ​က အုပ်​ချုပ်​ရ​၏။ စ​ပျစ်​ရည်​တိုက်​တို့​ကို​ရှိ​ဖ​မိ​မြို့​သား​ဇ​ဗ​ဒိ​က အုပ်​ချုပ်​ရ​၏။ အ​နောက်​တောင်​ခြေ​ရှိ​သံ​လွင်​ပင်​များ​နှင့် သ​ဖန်း​ပင်​တို့​ကို ဂေ​ဒ​ရိ​မြို့​သား​ဗာ​လ​ဟာ​နန်​က​အုပ်​ချုပ်​ရ​၏။ ဆီ​တိုက်​ကို​ယော​ရှ​သည်​အုပ်​ချုပ်​ရ​၏။ ရှာ​ရုန်​လွင်​ပြင်​ရှိ​နွား​တို့​ကို​ရှာ​ရုန်​မြို့​သား​ရှိ တ​ရဲ​က အုပ်​ချုပ်​ရ​၏။ ချိုင့်​ဝှမ်း​များ​ရှိ​နွား​တို့​ကို​အာ​ဒ​လဲ​၏​သား ရှာ​ဖတ်​က အုပ်​ချုပ်​ရ​၏။ ကု​လား​အုတ်​တို့​ကို​ဣ​ရှ​မေ​လ​အ​နွယ်​ဝင်၊ သြ​ဗိ​လ​က​အုပ်​ချုပ်​ရ​၏။ မြည်း​တို့​ကို​မေ​ရော​န​သိ​မြို့​သား​ယေ​ဒေ​ယ​က အုပ်​ချုပ်​ရ​၏။ သိုး​နှင့်​ဆိတ်​တို့​ကို​ဟာ​ဂ​ရ​အ​နွယ်​ဝင်​ယာ​ဇဇ်​က အုပ်​ချုပ်​ရ​၏။

ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

သူ​၏​မှူး​မတ်​များ​က​လည်း​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​အ​သုံး​ပြု​ရန်​အ​တွက်​ပေး​လှူ​ကြ​လေ သည်။ ဗိ​မာန်​တော်​မှူး​များ​ဖြစ်​ကြ​သော​ယဇ် ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဇာ​ခ​ရိ​နှင့်​ယေ ဟေ​လ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား သိုး​ငယ်​ဆိတ်​ငယ်​ကောင်​ရေ​နှစ်​သောင်း​ခြောက် ထောင်​နှင့်​နွား​ကောင်​ရေ​သုံး​ရာ​ကို​ပွဲ​တော် အ​တွင်း​ယဇ်​ပူ​ဇော်​ရန်​ပေး​လှူ​ကြ​၏။-

ထို့​အ​ပြင်​သင်​သည်​ဗာ​ဗု​လုန်​ပြည်​နယ်​တစ် ခု​လုံး​မှ​ကောက်​ခံ​ရ​သ​မျှ​ရွှေ​ငွေ​ကို​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယဇ် ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စံ တော်​မူ​သည့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကောင်း​ယူ​ဆောင်​သွား​လော့။

လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ