၁ ရာချုပ် 28:1Common Language Bibleဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-