ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။
မိမိနေပြည်တော်ယေရုရှလင်မြို့သို့ပင့် ဆောင်ခြင်းမပြုဘဲဂါသမြို့သားသြဗ ဒေဒုံ၏အိမ်သို့ပင့်ဆောင်သွားတော်မူ၏။-
သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှကျိန်း ဝပ်တော်မူ၏။ ထာဝရဘုရားသည်လည်း သြဗဒေဒုံနှင့်မိသားစုတို့အားကောင်း ချီးပေးတော်မူ၏။
ပဋိညာဉ်သေတ္တာတော်အတွက်ကြောင့်သြဗ ဒေဒုံမိသားစုနှင့် သူပိုင်သမျှတို့ကိုထာဝရ ဘုရားကောင်းချီးပေးတော်မူကြောင်း ဒါဝိဒ် ကြားသိတော်မူသောအခါထိုသေတ္တာတော် ကိုအခမ်းအနားနှင့်တကွသြဗဒေဒုံအိမ် မှယေရုရှလင်မြို့သို့ပင့်ဆောင်တော်မူ၏။-
သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှရှိနေ တော်မူ၍ ထာဝရဘုရားသည်သြဗဒေဒုံ၏ အိမ်ထောင်စုနှင့်သူပိုင်ဆိုင်သည့်အရာရှိသမျှ တို့ကိုကောင်းချီးပေးတော်မူ၏။
ယေဒုသုန်၏သားသြဗဒေဒုံနှင့်သူ၏သားချင်း စုမှလူခြောက်ဆယ့်ရှစ်ယောက်တို့သည် အာသပ် နှင့်လေဝိအနွယ်ဝင်တို့အားကူညီမစရ ကြ၏။ ဟောသံနှင့်သြဗဒေဒုံတို့ကား တံခါးမှူးများဖြစ်သတည်း။
သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
ဧလံ၊ ယောဟနန်နှင့်ဧလဲသြနဲဟူ၍ကြီးစဉ် ငယ်လိုက်သားခုနစ်ယောက်ရှိ၏။