ဂေရရှုံ၏သားလာဒန်သည်ယေဟေလိအိမ် ထောင်စုအပါအဝင် အိမ်ထောင်စုများ၏ဘိုး ဘေးဖြစ်၏။-
ဂေရရှုံတွင်လာဒန်နှင့်ရှိမိဟူသောသား နှစ်ယောက်ရှိ၏။-
လာဒန်တွင်ယေဟေလ၊ ဇေသံနှင့်ယောလ ဟူသောသားသုံးယောက်ရှိ၏။-
အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။-
လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။
ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။-
သူတို့သုံးယောက်စလုံးတွင်လည်းသားများ ရှိ၏။ ဂေရရှုံ၏သားများသည်လိဗနိနှင့် ရှိမိဖြစ်၏။-