ရှေလောမိတ်မှတစ်ဆင့်ဣဇဟာမှဆင်းသက် လာသူယာဟတ်။
ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
ရေဟဘိမှဆင်းသက်လာသူဣရှယာ။
ကြီးစဉ်ငယ်လိုက်ဟေဗြုန်၏သားများဖြစ် သောယေရိ၊ အာမရိ၊ ယဟာဇေလနှင့် ယေကမံ။
ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ဘုရားသခင်အားဒါဝိဒ်မင်းကြီး၊ အိမ်ထောင် ဦးစီးများ၊ သားချင်းစုခေါင်းဆောင်များနှင့် စစ်တပ်အရာရှိများဆက်ကပ်ထားသည့်လှူ ဖွယ်ပစ္စည်းများကိုတာဝန်ယူ၍ထိန်းသိမ်း ရကြ၏။-
အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။-
ကောဟတ်၏သားချင်းစုတွင်အာမရံမိသားစု၊ ဣဇဟာမိသားစု၊ ဟေဗြုန်မိသားစု၊ သြဇေလ မိသားစုတို့ပါဝင်၍၊-