၁ ရာချုပ် 23:6Common Language Bibleဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။-
ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-
ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။