၁ ရာချုပ် 23:29Common Language Bibleသူတို့သည်ဘုရားသခင်အားပူဇော်သည့်မုန့်၊ ပူဇော်သကာအဖြစ်အသုံးပြုသည့်မုန့်ညက်၊ တဆေးမဲ့မုန့်ပြားများ၊ မီးဖြင့်ထုတ်လုပ်သည့် ပူဇော်သကာများ၊ ဆီနှင့်ရောသောမုန့်ညက် တို့အတွက်တာဝန်ယူရကြ၏။ သူတို့သည် ဗိမာန်တော်ပူဇော်သကာများချိန်တွယ်မှု ကိုလည်းတာဝန်ယူရကြ၏။- အခန်းကိုကြည့်ပါ။ |
သူတို့သည်နံနက်တိုင်းညနေတိုင်းဥပုသ် နေ့၊ လဆန်းပွဲတော်နေ့များတွင်ပူဇော် သကာဆက်သချိန်တိုင်း ထာဝရဘုရား ကိုထောမနာပြု၍ဘုန်းအသရေတော် ချီးကူးရကြ၏။ ဤအမှုကိုတစ်ကြိမ် လျှင်လေဝိအနွယ်ဝင်မည်မျှဆောင်ရွက် ရမည်ကိုသတ်မှတ်ထားသည့်နည်းဥပဒေ များရှိ၏။ လေဝိအနွယ်ဝင်တို့အစဉ်အမြဲ ထမ်းဆောင်ရကြသည့် တာဝန်ဝတ္တရားမှာ ထာဝရဘုရားအားရှိခိုးဝတ်ပြုကြ ရန်ပင်ဖြစ်ပေသည်။-
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။