ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
မေရာရိ၏ဒုတိယသားမုရှိတွင်မဟာလိ၊ ဧဒါနှင့်ယေရိမုတ်ဟူသောသားသုံးယောက် ရှိ၏။
ဧလာဇာနှင့်ကိရှဟူသောသားနှစ်ယောက် မဟာလိ၌ရှိ၏။ ဧလာဇာတွင်သားမရှိ။ သို့ရာတွင်ကိရှ၌ယေရမေလဟူသော သားတစ်ယောက်ရှိ၏။-