မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။
သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။