ဒါဝိဒ်သည်ကြီးရင့်အိုမင်းသောအခါ သား တော်ရှောလမုန်ကိုထီးနန်းလွှဲအပ်တော်မူ၏။
သူ၏သားများဖြစ်ကြသောဧသောနှင့် ယာကုပ်တို့ကသူ့အားသင်္ဂြိုဟ်ကြ၏။
ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။-
ဤအမှုအရာတို့ကိုအရှင်မင်းကြီးနှစ်သက် လက်ခံတော်မူပါသလော။ အရှင်၏အရိုက် အရာကိုမည်သူလက်ခံ၍နန်းတက်ရမည် ကိုမှူးမတ်တို့အားမဖော်မပြဘဲဤအမှု ကိုအရှင်မင်းကြီးစီရင်တော်မူပါသလော'' ဟုလျှောက်လေ၏။
ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။
ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
ဒါဝိဒ်မင်းသည်ဣသရေလအမျိုးသား ခေါင်းဆောင်ရှိသမျှတို့နှင့် ယဇ်ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်အပေါင်းတို့ကို စုရုံးစေတော်မူ၏။-
ကိုယ်တော်သည်ငါ့အားသားများထွန်းကား စေတော်မူ၍ထိုသားတို့အနက်ရှောလမုန် ကိုထာဝရဘုရား၏နိုင်ငံတည်းဟူသော ဣသရေလပြည်ကိုအုပ်စိုးရန်ရွေးချယ် တော်မူ၏။''
သူသည်စည်းစိမ်ချမ်းသာကြွယ်ဝလျက်ကြည်ညို လေးစားမှုကိုခံရကာ အလွန်အိုမင်းချိန်ကျ မှကွယ်လွန်တော်မူလေသည်။-
အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။