၁ ရာချုပ် 21:18Common Language Bibleထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးတော်မူရန် ကောင်းကင်တမန်တစ် ပါးစေလွှတ်တော်မူပြီးမှစိတ်ပြောင်းလဲ တော်မူ၍``ဤမျှနှင့်တော်လောက်ပြီ။ ရပ် တန့်လော့။ ဆက်၍မဖျက်ဆီးနှင့်'' ဟု ထို ကောင်းကင်တမန်အားမိန့်တော်မူ၏။ ကောင်းကင်တမန်သည်ယေဗုသိအမျိုး သားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-