၁ ရာချုပ် 20:7Common Language Bibleသူသည်ဣသရေလအမျိုးသားတို့အား စစ်ထိုးရန် ကြုံးဝါးဖိတ်ခေါ်လိုက်သောအခါ ဒါဝိဒ်၏အစ်ကိုဖြစ်သူရှိမာ၏သား ယောနသန်ကသူ့အားသတ်ပစ်လေသည်။ အခန်းကိုကြည့်ပါ။ |
ဂါသမြို့တွင်အခြားတိုက်ပွဲတစ်ရပ်ဖြစ် ပွားပြန်၏။ ထိုတိုက်ပွဲတွင်လက်တစ်ဖက် လျှင်လက်ချောင်းခြောက်ချောင်းနှင့် ခြေတစ် ဖက်လျှင်ခြေချောင်းခြောက်ချောင်းရှိ၍ အလွန်ထွားကြိုင်းကြီးမားသူလူတစ် ယောက်ပါဝင်၏။ သူသည်ကိုယ်လက်ကြီး ထွားသည့်ရှေးလူမျိုးမှဆင်းသက်လာ သူဖြစ်သတည်း။-
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-