Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 20:5

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဂေါ​ဘ​မြို့​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ နှင့်​အ​ခြား​တိုက်​ပွဲ​တစ်​ခု​ဖြစ်​ပြန်​၏။ ထို တိုက်​ပွဲ​တွင်​ယာ​ဣရ​၏​သား၊ ဗက်​လင်​မြို့ သား​ဧ​လ​ဟာ​နန်​သည်​ဂါ​သ​မြို့​သား ဂေါ​လျတ်​ကို​သတ်​ဖြတ်​လိုက်​၏။ ဂေါ​လျတ် ၏​လှံ​ရိုး​သည်​ယက်​ကန်း​လက်​လိပ်​တန် တ​မျှ​ကြီး​သ​တည်း။

အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-

ဂါ​သ​မြို့​တွင်​အ​ခြား​တိုက်​ပွဲ​တစ်​ရပ်​ဖြစ် ပွား​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​လက်​တစ်​ဖက် လျှင်​လက်​ချောင်း​ခြောက်​ချောင်း​နှင့် ခြေ​တစ် ဖက်​လျှင်​ခြေ​ချောင်း​ခြောက်​ချောင်း​ရှိ​၍ အ​လွန်​ထွား​ကြိုင်း​ကြီး​မား​သူ​လူ​တစ် ယောက်​ပါ​ဝင်​၏။ သူ​သည်​ကိုယ်​လက်​ကြီး ထွား​သည့်​ရှေး​လူ​မျိုး​မှ​ဆင်း​သက်​လာ သူ​ဖြစ်​သတည်း။-

ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-

သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-

အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဋ္ဌား​ရှိ​ပါ​၏။ ထို​ဋ္ဌား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဋ္ဌား​ထက်​ကောင်း သည့်​ဋ္ဌား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။

အ​ဟိ​မ​လက်​သည်​ဒါ​ဝိဒ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​တွင်​စုံ​စမ်း​လျှောက်​ထား​ပြီး​လျှင် အ​စား​အ​စာ​ကို​လည်း​ကောင်း၊ ဖိ​လိတ္တိ​အ​မျိုး သား​ဂေါ​လျတ်​၏​ဋ္ဌား​ကို​လည်း​ကောင်း​ပေး အပ်​လိုက်​ပါ​၏'' ဟု​လျှောက်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ