Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:55

Common Language Bible

(စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။ ယော​န​ဒပ်​က``ကူ​ညီ​ပါ​မည်'' ဟု​ဖြေ​၏။ ယေ​ဟု​က``ယင်း​သို့​ဖြစ်​ပါ​မူ​ငါ့​အား​သင်​၏ လက်​ကို​ကမ်း​ပေး​လော့'' ဟု​ဆို​၏။ ယော​န​ဒပ် က​လက်​ကို​ကမ်း​ပေး​လိုက်​သော​အ​ခါ ယေ​ဟု သည်​လက်​ကို​ဆွဲ​၍​ယော​န​ဒဒ်​အား​ရ​ထား ပေါ်​တက်​စေ​ပြီး​သော်၊-

ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။

ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​မင်း​နန်း​စံ​စဉ်​အ​ခါ ရ​ရှိ​သော​သား​များ​ကား ကြီး​စဉ်​ငယ်​လိုက် အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​က​မွေး​သော သား​အာ​မ​နုန်၊ က​ရ​မေ​လ​မြို့​သူ​အ​ဘိ​ဂဲ​လ​က​မွေး​သော သား​ဒံ​ယေ​လ၊ ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ​၏​သ​မီး​မာ​ခါ​က မွေး​သော​သား​အ​ဗ​ရှ​လုံ၊ ဟ္ဂိတ်​က​မွေး​သော​သား​အ​ဒေါ​နိ​ယ၊ အ​ဘိ တ​လ​က​မွေး​သော​သား​ရှေ​ဖ​တိ၊ ဧ​ဂ​လ​မွေး​သော​သား​ဣ​သ​ရံ။

ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-

သို့​ဖြစ်​၍​ရေ​ခပ်​၏​သား​ယော​န​ဒပ်​သည်​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည့်​သား​မြေး​များ အ​စဉ်​မ​ပြတ်​ထွန်း​ကား​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ ပြု​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ပြန်​ကြား ပြော​ဆို​လေ​သည်။

ငါ​၏​တ​ရား​တော်​ကို​သိ​ရှိ​၍​သင်​တို့​သည် ပ​ညာ​ရှိ​ကြ​၏​ဟု​အ​ဘယ်​သို့​လျှင်​သင် တို့​ဆို​နိုင်​ကြ​မည်​နည်း။ ကြည့်​ရှု​ကြ​လော့၊ မ​ရိုး​မ​ဖြောင့်​သည့်​ကျမ်း​ကူး​ဆ​ရာ​တို့​က တ​ရား​တော်​ကို​ပြောင်း​လဲ​စေ​ကြ​လေ​ပြီ။-

မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-

ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။

သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ