ကာလက်မှာမာခါနာမည်တွင်သောအခြား မယားငယ်တစ်ယောက်ရှိသေး၏။ ထိုမယား ငယ်ဖြင့်သူသည်ရှေဗာနှင့် တိရဟာနဟူ သောသားနှစ်ယောက်ကိုရ၏။-
နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။
ကာလက်မှာဧဖာနာမည်တွင်သောမယား ငယ်တစ်ယောက်ရှိသေး၏။ ထိုမယားငယ်ဖြင့် သူသည်ဟာရန်၊ မောဇ၊ ဂါဇက်ဟူသောသား သုံးယောက်ကိုထပ်မံရရှိပြန်၏။ ဟာရန် တွင်ဂါဇက်ဟုပင်နာမည်တွင်သောသား တစ်ယောက်ရှိ၏။
(ယာဒဲနာမည်တွင်သောလူတစ်ယောက်တွင် ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ ဟူ၍သားခြောက်ယောက်ရှိ၏။)
ထိုနောက်မာခါသည်မာဒမေနမြို့ကိုတည် ထောင်သူဖြစ်လာသည့်ရှာဖကိုလည်းကောင်း၊ မာခဗေနမြို့ကိုတည်ထောင်သူဖြစ်လာ သည့်ရှေဝကိုလည်းကောင်းရရှိပြန်၏။ ထိုသားများအပြင်ကာလက်မှာအာခသ နာမည်တွင်သောသမီးတစ်ယောက်လည်းရှိ၏။