Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:13

Common Language Bible

ယေ​ရှဲ​တွင်​သား​ခု​နစ်​ယောက်​ရှိ​၏။ သူ​တို့​အား ကြီး​စဉ်​ငယ်​လိုက်​ဖော်​ပြ​ရ​သော်​ဧ​လျာ​ဘ၊ အ​ဘိ​န​ဒပ်၊ ရှိ​မာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ့​မှာ​ယော​န​ဒပ်​အ​မည်​တွင်​သော မိတ်​ဆွေ​ရှိ​၏။ ယော​န​ဒပ်​သည်​ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ဖြစ်​၏။ သူ​သည်​အ​လွန်​ပါး​နပ် လိမ္မာ​သူ​တည်း။-

ယွာ​ဘ​တို့​လူ​စု​သည်​အာ​သ​ဟေ​လ​၏​အ​လောင်း ကို​ယူ​၍ ဗက်​လင်​မြို့​ရှိ​မိ​သား​စု​ဂူ​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​တို့​သည်​တစ်​ညဥ့်​လုံး​ခ​ရီး ပြု​ကြ​ရာ​အရုဏ်​တက်​ချိန်​၌​ဟေ​ဗြုန်​မြို့​သို့ ရောက်​ရှိ​ကြ​၏။

သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စစ်​ထိုး​ရန် ကြုံး​ဝါး​ဖိတ်​ခေါ်​လိုက်​သော​အ​ခါ ဒါ​ဝိဒ်​၏​အစ်ကို​ဖြစ်​သူ​ရှိ​မာ​၏​သား ယော​န​သန်​က​သူ့​အား​သတ်​ပစ်​လေ​သည်။

ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-

သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။-

ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ