Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 19:19

Common Language Bible

ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​တို့ သည် မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ် ကြောင်း​သိ​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​နှင့် စစ်​ပြေ​ငြိမ်း​ရန်​ဆောင်​ရွက်​ကြ​လျက် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​၏။ ရှု​ရိ​အ​မျိုး​သား​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ အမ္မုန်​အ​မျိုး​သား တို့​အား​စစ်​ကူ​လို​စိတ်​မ​ရှိ​ကြ​တော့​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန် ဘု​ရင်​နာ​ဟတ်​မင်း​ကွယ်​လွန်​၍​သူ​၏​သား တော်​ဟာ​နုန်​နန်း​တက်​၏။

ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် မိ​မိ တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​စစ်​ပြေ​ငြိမ်း​ရန်​စေ့​စပ်​၍​သူ​တို့​၏​လက် အောက်​ခံ​ဖြစ်​လာ​ကြ​၏။ ရှု​ရိ​ပြည်​သား​တို့ သည်​လည်း​အမ္မုန်​ပြည်​သား​တို့​အား​နောက် တစ်​ဖန်​စစ်​မ​ကူ​ဝံ့​ကြ​တော့​ချေ။

ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-

ဗင်္ဟာ​ဒဒ်​သည်​မိ​မိ​၏​မ​ဟာ​မိတ်​မင်း​များ​နှင့် အ​တူ သူ​တို့​၏​တဲ​ရှင်​များ​တွင်​သေ​ရည်​သေ ရက်​သောက်​လျက် နေ​စဉ်​အာ​ဟပ်​၏​ပြန်​ကြား ချက်​ကို​ကြား​သိ​ရ​လေ​သည်။ ထို​အ​ခါ​သူ သည်​မိ​မိ​၏​စစ်​သည်​တော်​များ​အား ရှ​မာ​ရိ မြို့​ကို​တိုက်​ခိုက်​ရန်​အမိန့်​ပေး​သ​ဖြင့်​သူ​တို့ သည်​နေ​ရာ​ယူ​ကြ​ကုန်​၏။

ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-

နောက်​တစ်​နှစ်​နွေ​ဦး​ပေါက်​စ၊ ဘု​ရင်​တို့​စစ် ချီ​လေ့​ရှိ​သည့်​အ​ခါ​ကာ​လ​၌ ယွာ​ဘ​သည် တပ်​မ​တော်​ကို​ဦး​ဆောင်​၍ အမ္မုန်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ ရဗ္ဗာ​မြို့​ကို​ဝိုင်း​၍ ထား​၏။ ဒါ​ဝိဒ်​မူ​ကား​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ရစ်​သ​တည်း။ ယွာ​ဘ​သည်​ရဗ္ဗာ​မြို့ ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ဖျက်​ဆီး​လိုက်​၏။-

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​၏။ ရန်​သူ​များ​အား​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။

လူ​မျိုး​ခြား​တို့​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​မိန့်​ကို ကြား​သော​အ​ခါ​နာ​ခံ​ကြ​ပါ​၏။

``ငါ​၏​တပ်​မှူး​မှန်​သ​မျှ​တို့​သည်​ဘု​ရင် များ​ဖြစ်​ကြ​ပါ​သည်​တ​ကား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ