Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 18:5

Common Language Bible

ဒ​မာ​သက်​မြို့​မှ​ရှု​ရိ​အ​မျိုး​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ဘု​ရင်​ကို​စစ်​ကူ​ရန်​တပ်​တစ် တပ်​စေ​လွှတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ်​မင်း​သည် သူ​တို့​အား​တိုက်​တော်​မူ​၍ လူ​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​ပစ်​တော်​မူ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဟာမတ်​မြို့​အ​နီး​တွင် ဇောဘ​ဘု​ရင်​ဟာ​ဒ​ဒေ​ဇာ​ကို​တိုက်​ခိုက်​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဒ​ဒေ​ဇာ သည်​ဥ​ဖ​ရတ်​မြစ်​အ​ထက်​ပိုင်း​ရှိ​နယ်​မြေ ကို​သိမ်း​ယူ​ရန်​ကြိုး​စား​အား​ထုတ်​သော ကြောင့်​ဖြစ်​၏။-

ဒါ​ဝိဒ်​သည်​ထို​မင်း​၏​စစ်​ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင်​တပ် သား​နှစ်​သောင်း​တို့​ကို​လက်​ရ​ဖမ်း​မိ​တော် မူ​၏။ သူ​သည်​စစ်​ရ​ထား​တစ်​ရာ​အ​တွက် လို​အပ်​သ​မျှ​သော​မြင်း​တို့​ကို​သိမ်း​ယူ​ထား ပြီး​လျှင် အ​ခြား​မြင်း​တို့​အား​ဒူး​ခေါက်​ကြော ကို​ဖြတ်​၍​ခြေ​ဆွံ့​အောင်​ပြု​တော်​မူ​၏။

ထို​နောက်​ထို​သူ​တို့​ပိုင်​နက်​တွင်​စစ်​စ​ခန်း များ​ချ​၍​ထား​တော်​မူ​၏။ သူ​တို့​သည်​လည်း ဒါ​ဝိဒ်​မင်း​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​လျက် သူ့​အား​အ​ခွန်​ဘဏ္ဍာ​များ​ကို​ဆက် သ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် မင်း​အား​အ​ရပ်​တ​ကာ​၌​အောင်​ပွဲ​ကို ပေး​တော်​မူ​၏။-

ဟာ​နုန်​မင်း​နှင့်​အမ္မုန်​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်​မင်း​အား မိ​မိ​တို့​ရန်​ဖက်​ပြု​မိ​ကြ ကြောင်း​သိ​ရှိ​လာ​ကြ​သော​အ​ခါ​မေ​သော ပေါ​တာ​မိ​ပြည်​အ​ထက်​ပိုင်း​နှင့် ရှု​ရိ​ပြည် ဖြစ်​ကြ​သော​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့ မှ​စစ်​တပ်​တစ်​တပ်​ကို​ငွေ​တန်​ချိန်​လေး ဆယ်​မျှ​ပေး​၍​ငှား​ရမ်း​ကြ​၏။-

ကိုယ်​တော်​ရှင်​သည်​ပြည်​တော်​ကို​သိမ့်​သိမ့်​တုန် စေ​၍ ကွဲ​အက်​စေ​တော်​မူ​ပါ​ပြီ။ ပြည်​တော်​သည်​ပြို​ကွဲ​လျက်​ရှိ​သ​ဖြင့် ကွဲ​အက်​ရာ​များ​ကို​ပြု​ပြင်​တော်​မူ​ပါ။

ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ