၁ ရာချုပ် 18:3Common Language Bibleထိုနောက်ဒါဝိဒ်မင်းသည်ဟာမတ်မြို့အနီးတွင် ဇောဘဘုရင်ဟာဒဒေဇာကိုတိုက်ခိုက်တော် မူ၏။ အဘယ်ကြောင့်ဆိုသော်ဟာဒဒေဇာ သည်ဥဖရတ်မြစ်အထက်ပိုင်းရှိနယ်မြေ ကိုသိမ်းယူရန်ကြိုးစားအားထုတ်သော ကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ထိုမင်း၏စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်နှင့်ခြေလျင်တပ် သားနှစ်သောင်းတို့ကိုလက်ရဖမ်းမိတော် မူ၏။ သူသည်စစ်ရထားတစ်ရာအတွက် လိုအပ်သမျှသောမြင်းတို့ကိုသိမ်းယူထား ပြီးလျှင် အခြားမြင်းတို့အားဒူးခေါက်ကြော ကိုဖြတ်၍ခြေဆွံ့အောင်ပြုတော်မူ၏။
ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။-