ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-
ဇေရုယာ၏သားယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုပ်၏သားယော ရှဖတ်မှာစာရင်းထိန်းဖြစ်၏။-
နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အစိုးရတော်မူ၍ မိမိ၏ပြည်သူပြည်သား အပေါင်းတို့အပေါ်တွင်အစဉ်ပင်တရား မျှတစွာစီရင်အုပ်ချုပ်တော်မူ၏။-
အဟိတုပ်၏သားဇာဒုတ်နှင့်အဗျာသာ၏ သားအဟိမလက်သည်ယဇ်ပုရောဟိတ်များ ဖြစ်ကြ၏။ စရာယကားနန်းတော်အတွင်းဝန် ဖြစ်သတည်း။-
အဟိသောဖေလသေလွန်ပြီးနောက်အဗျာသာ နှင့်ဗေနာယ၏သားယောယဒတို့သည်အတိုင် ပင်ခံများဖြစ်လာကြ၏။ ယွာဘကားဘုရင့် တပ်မတော်၏ဗိုလ်ချုပ်ဖြစ်သတည်း။