Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:5

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​အ​ဘယ် အ​ခါ​မျှ​ဗိ​မာန်​တော်​တွင်​မ​ကျိန်း​မ​ဝပ်​ခဲ့။ တဲ တော်​များ​တွင်​သာ​လျှင်​ကျိန်း​ဝပ်​၍ တစ်​နေ​ရာ မှ​တစ်​နေ​ရာ​သို့​ပြောင်း​ရွှေ့​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ ယ​နေ့​တိုင်​အောင်​ငါ​သည် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ​ခဲ့။ တဲ​တော် ၌​သာ​ကျိန်း​ဝပ်​လျက်​ဒေ​သ​စာ​ရီ​လှည့်​လည် တော်​မူ​ခဲ့​၏။-

ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။

``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-

ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။-

သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-

``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-

`သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။-

သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ