Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:24

Common Language Bible

ကိုယ်​တော်​ရှင်​၏​သ​တင်း​တော်​သည်​ထင်​ပေါ် ကျော်​ကြား​ပါ​လိမ့်​မည်။ လူ​တို့​က​လည်း`အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​၏' ဟု​အ​စဉ်​အ​မြဲ​မြွက်​ဆို​ကြ​ပါ​လိမ့် မည်။ ကျွန်​တော်​မျိုး​၏​ရာ​ဇ​ပလ္လင်​ကို​လည်း ထာ​ဝ​စဉ်​တည်​စေ​တော်​မူ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး နှင့်​သား​မြေး​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ပြု တော်​မူ​သော​က​တိ​တော်​ကို ယ​ခု​ပင်​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြု တော်​မူ​မည်​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း အ​စဉ်​ပင်​ပြု​တော်​မူ​ပါ။-

ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ​ကျွန်​တော် မျိုး​အား ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော် မျိုး​၏​သား​မြေး​တို့​အား​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှင့်​မြှောက်​စား​တော်​မူ​မည်​ဟု​မိန့်​တော် မူ​သော​ကြောင့်​လည်း​ကောင်း​ကျွန်​တော်​မျိုး သည် ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ကျွန်​တော်​မျိုး ၏​ဘု​ရား​ထံ​တော်​သို့​တင်​လျှောက်​ဝံ့​ခြင်း ဖြစ်​ပါ​၏။-

ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား ညောင်း​တော်​မူ​ပြီး​လျှင် ထို​သူ​တောင်း​လျှောက် သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လျှင် ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​နည်း​တူ ကိုယ်​တော်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို့​အ​ပြင်​ကိုယ်​တော် အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​သည့်​ဗိ​မာန်​တော် သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ ပါ​လိမ့်​မည်။''

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော်​ရှိ​တော်​မူ သော​ကြောင့် ကိုယ်​တော်​အား​ကျွန်​တော်​မျိုး​တို့​ထော​မ​နာ ပြု​ကြ​ပါ​၏။ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ဘုန်း​ကြီး​သော​နာ​မ​တော်​ကို​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​တစ်​ပြင်​လုံး​၌​ဘုန်း​တော်​နှင့် ပြည့်​ပါ​စေ​သော။ အာ​မင်။ အာ​မင်။

ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​စား​ကြ​ရ​ပါ​စေ​သော။ ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​လည်း ကျွန်​တော်​မျိုး​တို့​အား​အောင်​မြင်​ခွင့်​ပေး​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​အ​နွယ် ဝင်​အ​ပေါင်း​၏​ဘု​ရား​ဖြစ်​လျက်​သူ​တို့​သည် လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ​မည့်​နေ့ ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လိမ့်​မည်။-

ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-

အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။

သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။

အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။-

ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။

တ​ရား​ဟော​ပြော​သူ​သည်​ဘု​ရား​သ​ခင်​၏ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​စေ။ အ​စေ​ခံ​သော သူ​သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​စွမ်း သတ္တိ​အ​တိုင်း​လုပ်​ဆောင်​စေ။ သို့​မှ​သာ​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင် ယေ​ရှု​ခ​ရစ်​အား ဖြင့်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ထွန်း​လင်း လိမ့်​မည်။ အ​ရှင်​ယေ​ရှု​ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ