၁ ရာချုပ် 17:17Common Language Bibleသို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။- အခန်းကိုကြည့်ပါ။ |
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။