Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:7

Common Language Bible

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။

ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-

ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။

ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။

အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ