Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:5

Common Language Bible

သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။

ဒါ​ဝိဒ်​မင်း​သည်​အာ​သပ်​နှင့်​သူ​၏​သား​ချင်း လေ​ဝိ​အ​နွယ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​ဌာ​န​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် အ​မြဲ​တမ်း​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​နေ့​စဉ်​နေ့​တိုင်း​မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရ​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။-

ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-

တာ​ဟပ်၊ ဥ​ရေ​လ၊ သြ​ဇိ၊ ရှော​လ​ဟူ​၍​ဖြစ်​၏။

ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။

မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ