Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:33

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​လော​က​ကို​အုပ်​စိုး ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တော​များ​ရှိ​သစ်​ပင်​တို့​သည်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။

ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​တွင်​ရှိ​သ​မျှ​သော သတ္တဝါ​တို့၊ မြည်​ဟည်း​သံ​ကို​ပြု​ကြ​လော့။ ပင်​လယ်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊ ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။

အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။

``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ထို​နေ့​ရက် ကို​စောင့်​မျှော်​လျက်​နေ​ကြ​စဉ် ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း အ​ပြစ်​ကင်း​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော် နှင့်​ငြိမ်း​ချမ်း​မှု​ရ​ရှိ​၍​နှစ်​သက်​လက်​ခံ​ဖွယ် ဖြစ်​စေ​ရန်​လည်း​ကောင်း အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ