Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:28

Common Language Bible

ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝရ​ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။

ဘုန်း​အ​သ​ရေ​တော်​ရှင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ယူ​လျက်​ကိုယ်​တော်​၏ ဗိ​မာန်​တော်​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ် ကြ​လော့။

ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပြီ။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​ထုတ်​ဖော် ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​၏​ဂုဏ်​ကျက်​သ​ရေ​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​၍ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​၌​ထင်​ရှား​လျက်​ရှိ​၏။

ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။

ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။-

ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။

ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။

အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ