၁ ရာချုပ် 15:25Common Language Bibleသို့ဖြစ်၍ဒါဝိဒ်မင်းနှင့်တကွဣသရေလ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာတပ်မှူး များသည်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် ရန်အတွက်သြဗဒေဒုံ၏အိမ်သို့သွားကြ ပြီးလျှင်ခမ်းနားသောပွဲလမ်းသဘင်တစ်ရပ် ကိုကျင်းပကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
သင်တို့ဘုရားသခင်ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းသည့်ဤပွဲတော်ကိုခုနစ်ရက် တိုင်တိုင်တစ်ခုတည်းသောဝတ်ပြုရာဌာန တော်တွင်ကျင်းပရမည်။ ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် သင်တို့သည် အသီးအနှံရိတ်သိမ်းရသောကြောင့်လည်း ကောင်း၊ သင်တို့၏လုပ်ငန်းများအောင်မြင် သောကြောင့်လည်းကောင်းပျော်ပွဲခံကြ လော့။''
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-