၁ ရာချုပ် 15:11Common Language Bibleဒါဝိဒ်သည်ယဇ်ပုရောဟိတ်များဖြစ်ကြသော ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအနွယ်ဝင်များ ဖြစ်ကြသောသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလနှင့်အမိနဒပ်တို့ကို ခေါ်ယူတော်မူ၍၊- အခန်းကိုကြည့်ပါ။ |
ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-