Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:1

Common Language Bible

ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။

ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-

ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​ကြောင့်​သြ​ဗ ဒေ​ဒုံ​မိ​သား​စု​နှင့် သူ​ပိုင်​သ​မျှ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း ဒါ​ဝိဒ် ကြား​သိ​တော်​မူ​သော​အ​ခါ​ထို​သေတ္တာ​တော် ကို​အ​ခမ်း​အ​နား​နှင့်​တ​ကွ​သြ​ဗ​ဒေ​ဒုံ​အိမ် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင်​တော်​မူ​၏။-

လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။-

သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။-

မိ​မိ​အ​သင့်​ပြင်​ဆင်​ထား​သည့်​အ​ရပ်​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် ယေ​ရု ရှ​လင်​မြို့​တွင်​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း တို့​အား​စု​ရုံး​စေ​၏။-

သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။-

ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့ ရှိ​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​ပြောင်း ရွှေ့​ရ​ပြီး​နောက် ဒါ​ဝိဒ်​မင်း​သည်​ဤ​သူ​တို့ အား​ဗိ​မာန်​တော်​တွင်​ဂီ​တ​သီ​ဆို​တီး​မှုတ် ရန်​အ​တွက်​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-

(သို့​ရာ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​မှာ​မူ​ယေ​ရု ရှ​လင်​မြို့​တွင်​ရှိ​နေ​သည်။ ထို​သေတ္တာ​တော်​ကို ဒါ​ဝိဒ်​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ​ပင့်​ဆောင် လာ​စဉ်​အ​ခါ​က​မိ​မိ​တည်​ဆောက်​သည့်​တဲ တော်​တွင်​ထား​ရှိ​ခဲ့​သ​တည်း။-)

ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-

ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ