ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
နောဧသည်ဘုရားသခင်မိန့်မှာတော်မူသည့် အတိုင်းဆောင်ရွက်လေ၏။
ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။-
ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
ထိုနောက်တစ်ဖန်ဂေဇာမြို့တွင်ဖိလိတ္တိ အမျိုးသားတို့နှင့်စစ်ဖြစ်ပြန်၏။ ဤ တိုက်ပွဲတွင်ဟုရှသိမြို့မှသိဗေခဲသည် သာဖဆိုသူကြီးမားသောစစ်သူရဲကြီး ကိုလုပ်ကြံလိုက်သဖြင့် ဖိလိတ္တိအမျိုး သားတို့သည်အရေးရှုံးနိမ့်သွားကြ၏။
ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-
ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
သင်တို့သည်ငါပညတ်သည့်အတိုင်းပြု ကျင့်လျှင် ငါ၏အဆွေဖြစ်ကြ၏။-
ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။