၁ ရာချုပ် 14:12Common Language Bibleဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုးကွယ် သည့်ရုပ်တုများကို ထိုအရပ်တွင်ထားရစ်ခဲ့ ကြ၏။ ဒါဝိဒ်သည်လည်းယင်းတို့ကိုမီးရှို့ ပစ်ရန်အမိန့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-