၁ ရာချုပ် 12:8Common Language Bibleဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။-
ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-