၁ ရာချုပ် 12:40Common Language Bibleဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-
တစ်ဖန်ထာဝရဘုရားကငါ့အား``သင်သွား ၍လင်ငယ်နှင့်ဖောက်ပြန်နေသောမိန်းမကိုချစ် လော့၊ ဣသရေလပြည်သားတို့သည်အခြား ဘုရားများကိုကိုးကွယ်၍ ရုပ်ပွားဆင်းတုတို့ အားစပျစ်သီးခြောက်များကိုပူဇော်ဆက်သ ကြသော်လည်း၊ ငါသည်သူတို့ကိုချစ်တော်မူ သည်နည်းတူသင်သည်ထိုမိန်းမကိုချစ်ရ မည်'' ဟုမိန့်တော်မူ၏။