Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:6

Common Language Bible

ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​စစ်​သူ​ရဲ တို့​သည်​လည်း ဂိ​ဗောင်​ကန်​အ​နီး​သို့​လာ​ရောက်​၍ သူ​တို့​နှင့်​တွေ့​ဆုံ​ကြ​၏။ သူ​တို့​လူ​နှစ်​စု​သည် ကန်​တစ်​ဘက်​တစ်​ချက်​စီ​၌​နေ​ရာ​ယူ​ကြ​၏။-

ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-

ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-

ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-

ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုပ်​၏​သား​ယော ရှ​ဖတ်​မှာ​စာ​ရင်း​ထိန်း​ဖြစ်​၏။-

သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-

ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-

ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

ဇေ​ရု​ယာ​၏​ညီ​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုဒ်​၏​သား​ယော​ရှ​ဖတ် သည်​မှတ်​တမ်း​ထိမ်း​မှူး​ဖြစ်​၏။-

အ​ဟိ​သော​ဖေ​လ​သေ​လွန်​ပြီး​နောက်​အ​ဗျာ​သာ နှင့်​ဗေ​နာ​ယ​၏​သား​ယော​ယ​ဒ​တို့​သည်​အ​တိုင် ပင်​ခံ​များ​ဖြစ်​လာ​ကြ​၏။ ယွာ​ဘ​ကား​ဘု​ရင့် တပ်​မ​တော်​၏​ဗိုလ်​ချုပ်​ဖြစ်​သ​တည်း။

အို ဘု​ရား​သ​ခင်၊ ခိုင်​ခံ့​လုံ​ခြုံ​သည့်​မြို့​တွင်း​သို့​အ​ဘယ်​သူ​သည် ကျွန်​တော်​မျိုး​အား​ခေါ်​ဆောင်​သွား​ပါ​မည် နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ​ပြည် သို့ ပို့​ဆောင်​ပါ​မည်​နည်း။

``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ