Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:23

Common Language Bible

အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။

(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)

ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-

သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-

သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ