၁ ရာချုပ် 11:17Common Language Bibleဒါဝိဒ်မင်းသည်ပြည်တော်ကိုလွမ်းဆွတ် တော်မူသဖြင့်``ငါ့အားဗက်လင်မြို့တံခါး အနီးရှိရေတွင်းမှသောက်ရေတစ်ပေါက် လောက်ယူဆောင်ပေးမည့်သူရှိလျှင် အဘယ် မျှကောင်းလိမ့်မည်နည်း'' ဟုတောင့်တပြော ဆိုတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။